Sunday, January 31, 2010

တန်ေဆး လွန်ေဘး

တန်ေဆး လွန်ေဘး ။ ။ သင့်ရံုတန်ရံုစားလှျင် ေဆးြဖစ်သည်။ အလွန်အကွျံစားလှျင် ေဘးြဖစ်သည်။ ထိုနည်းတူ အရာရာ၌ မယုတ်မလွန် ြပုလှျင် အကျုိးရှိ၍ အလွန်အကွျံြပုလှျင် အန္တရာယ်ရှိသည်။ တန်ေဆး လွန်ေဘး - ဆိုရိုးလည်းရှု။

“တန်ေသာ်ကားေဆး၊ လွန်ေသာ်ေဘးဟု၊ ထံုးေရးတန္တု၊ ပမာြပုသား၊ လူမှုြပက်ြပက်၊ ငဲ့ေကာင်းလျက်ကို...”
ကျမ်းကိုး။ ။[၈၄၆] ဘူလင်*၂၀၄။

“တန်လှျင်ေဆး လွန်လှျင်ေဘး ဆိုေသာအတိုင်း သင့်တန်မှျတရံုစားေသာက်လှျင် ေဆး၀ါးသကဲ့သို့ အကျုိးေပး၍ လွန်ြကူးစွာ စားေသာက်လှျင် ေဘးေရာက်ေစတတ်သည်..”
ကျမ်းကိုး။ ။[၁၂၇၅] စာဏကျ၊ ပ။ ၃၉။

“မည်သည့်ကိစ္စ၌မဆို တန်ေဆး လွန်ေဘး ြဖစ်တတ်၏။ ချင့်ချိန်ြပီး စီးပွားေရးလည်း မလစ်ဟင်း၊ ပညာေရးလည်း မလစ်ဟင်းဘဲ...”
ကျမ်းကိုး။ ။[၁၃၁၃] ၀န်ထမ်း။ ၂၂၅။

ြမန်မာစာ ြမန်မာစကား
http://myanmarsar.zaung.net

No comments:

Post a Comment